စေတုတ္တရာ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကင်းရှင်း ရေးအသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ် ဆည် မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရှင်းလင်းဆောင်ရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့်မီးငြိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရှိန်းမင်းထက်က မီးလောင်ကျွမ်းနိုင်သော လောင်စာများ အကြောင်း၊ မီးဘေးအန္တရာယ်မဖြစ်ပွားအောင် ရှောင်ရှားသင့်သည့် အချက်များ၊ မီးသတ်ဆေးဗူး အသုံးပြုသည့် နည်းလမ်းများနှင့် မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်း၊ သဘာဝနည်းလမ်းများကို အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့ သရုပ်ပြသ ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့်မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်း တွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရှိန်းမင်းထက် အပါအဝင် မီးသတ်တပ်ဖွဲ့ဝင်(၆)ဦး၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ့ရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်း နှင့်မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းကို ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နယ်ဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင် ရွက်ထားရှိမှုများကို စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)