မရမ်းကုန်းမြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းများသို့ ကိုဗစ်-၁၉ရောဂါကာကွယ် ကုသရေး လုပ်ငန်း စဥ်များတွင် အသုံးပြုနိုင်ရန်အတွက် PPE ဝတ်စုံများနှင့်ဆက်စပ်ပစ္စည်းများလှူဒါန်း

မရမ်းကုန်း ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ လူမှုကူညီရေး အသင်းများ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင် ရွက်ရာတွင်အသုံးပြုနိုင်စေရန်ရည်ရွယ်၍  ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအနေဖြင့် လူမှုကူညီရေးလုပ်ငန်းများနှင့်အတူမရမ်းကုန်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန့်ရေးကော်မတီ၏ ဦးဆောင်မှု ဖြင့် မြို့နယ်အတွင်းရှိ Quarantine Center များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် ရွှေရောင် သမိုင်းအရေးပေါ်ကယ်ဆယ်ရေးအသင်းအား PPE-Level-3(၃၀)စုံ၊Level-2(၁၀)စုံ၊ KN95(၁၀၀)၊ မြတ်ကု သိုလ်လူမှုကူညီရေးအသင်းအား PPE-Level-3(၃၀)စုံ၊Level-2(၁၀)စုံ၊ KN95(၁၀၀)နှင့် မြန်မာ့ကြယ်ဖြူ လူမှုကူညီရေးအသင်းအား PPE -Level-3(၂၀)စုံ၊ Level-2(၅)စုံ KN95(၅၀)တို့ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဦးထွန်းချစ်က လှူဒါန်းခဲ့ပြီး အသင်းမှ တာဝန်ရှိသူများကလက်ခံရယူကာ ကျေးဇူးတင် စ ကားပြန်လည်ပြောကြားခဲ့သည်။

မရမ်းကုန်းမြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)