အင်းစိန်မြို့နယ် Super Sunday လှုမှုကူညီရေးအသင်းရှိ လူနာတင်ယာဉ်ကား(၉)စီးအတွက် Engine Oil များလှူဒါန်း

ရန်ကုန် ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ Super Sunday လှုမှုကူညီရေး အသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ လူနာတင်ယာဉ်ကား(၉)စီးအတွက် ငွေကျပ်(၂)သိန်းခွဲတန်ဖိုးရှိ Engine Oil များကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။

Super Sunday လှုမှုကူညီရေးအသင်းအနေဖြင့် လူမှုကူညီရေးလုပ်ငန်းများနှင့်အတူ အင်းစိန် မြို့နယ်အဆင့်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ကန့်သတ်စောင့်ကြည့် စင်တာ(၆)ခု၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်စေရန်အတွက် အောင်ကမ္ဘာ ကုမ္ပဏီလီမိတက်မှ လူနာတင်ယာဉ်ကား(၉)စီးအတွက် ငွေကျပ်(၂)သိန်းတန်ဖိုးရှိ Engine Oil များကို လှူဒါန်းရာ Super Sunday လှုမှုကူညီရေးအသင်းဉက္ကဋ္ဌ ကိုသူရိန်ထွန်းမှ လက်ခံရယူခဲ့ပြီး ကျေးဇူး တင် စကာပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)