သထုံမြို့ရွှေစာရံစေတီတော်မြတ်ကြီးအား စေတီတော်ပုရဝုဏ်အတွင်း ဝင်ရောက်ဖူးမျှော်ရန် ပြန်လည်ခွင့်ပြု

သထုံ    ဒီဇင်ဘာ     ၁၇

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ပုရဝုဏ်အတွင်းဝင်ရောက်ဖူးမျှော်ခွင့် ယာယီပိတ်ထားသည့် မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓါတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးအား ယမန်နေ့နံနက်မှစတင်ကာ ပြန်လည်ဝင်ရောက်ဖူးမျှော်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

"အရင်ကလို အပေါက်အားလုံးတော့မဖွင့်ဘူးပေါ့။ အများအားဖြင့်အသုံးပြုများတဲ့ ‌မြောက်ဖက်မုခ်နဲ့ အနောက်ဖက်မုခ် ၂ ပေါက်ကို ဖွင့်ထားမယ်။ အချိန်ကတော့ မနက် ၆ နာရီက ည ၈ နာရီအထိပါ" ဟု စေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ပြောသည်။

စေတီတော်ပုရဝုဏ်အား ဩဝါဒစရိယဆရာတော်ကြီများ၏ လမ်းညွှန် မိန့်ကြားချက်အရ ဖွင့်လှစ်ခြင်းဖြစ်ပြီး  လာရောက်ဖူးမျှော်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဝင်ထွက်ခွင့်ပြုထားသည့် အပေါက်များ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူတိုင်း Mask တပ်ဆင်ခြင်း၊ လက်ဆေးခြင်း ကိုယ်အပူချိန်တိုင်းခြင်းတို့ ပြုပြီးမှ ဝင်‌ရောက်ဖူးမျှော်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

သက်ဦး(သထုံ)