ရန်ကုန်မြို့ ကိုဗစ်−၁၉ကုသရေးစင်တာ၌ လုပ်အားပေးတာဝန်ထမ်းဆောင်ခဲ့ကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား သံဖြူဇရပ်တွင် ဂုဏ်ပြုပွဲကျင်းပ

သံဖြူဇရပ်  ဒီဇင်ဘာ  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်စင်တာ ကိုဗစ်−၁၉ကုသရေးစခန်း၌ မွန်ပြည်နယ်မှသွားရောက် လုပ်အားပေး ထမ်းဆောင်ကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်(၄၁)ဦးအနက်မှ၊ သံဖြူဇရပ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ကိုယ်စားပြု တပ်ဖွဲ့ဝင်()ဦးသည် တစ်လတာမျှ လုပ်အားပေးထမ်းဆောင်ကြပြီးနောက် နိုဝင်ဘာလ ၂၁ရက်နေ့က သံဖြူဇရပ်မြို့နယ်သို့ ပြန်လည်ရောက် ရှိခဲ့ကြောင်းသိရသည်။

အဆိုပါ သံဖြူဇရပ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ကိုယ်စားပြု ကိုဗစ်−၁၉ကုသရေးစခန်း (လှိုင်စင်တာ)တွင် လုပ်အားပေး ခဲ့ကြသည့် ကျိုက္ခမီမြို့ ကြက်ခြေနီသူနာပြုတပ်ရင်း အမျိုးသမီး တပ်ခွဲမှူးဒေါ်သီသီမွန်၊ တပ်ကြပ်သူရိန်ဖြိုး၊ ဒုတပ်ကြပ်စုမြတ်မော်၊ဒုတပ်ကြပ်အိသဉ္ဇာဦးတို့အား ဂုဏ်ပြုပွဲကို သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ ယမန်နေ့ ညနေကကျင်းပရာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းထွဋ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဟိန်း၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌဒေါက်တာမင်းကံဌေးတို့မှ ဂုဏ်ပြုအမှာစကား ပြောကြားပြီးနောက်ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်သည်။

ဆက်လက်၍ သံဖြူဇရပ်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ ကိုဗစ်−၁၉ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းနှင့် အခြားသောလူမှုရေး လုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်သည့် အသင်းပိုင်မော်တော်ယာဉ်များ၏ စက်သုံးဆီ အတွက်သံဖြူဇရပ်မြို့မရှိ ခဏဆေးတောင် ဆရာတော်နှင့် မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌဒေါက်တာမင်းကံဌေး တို့က  တစ်နှစ်စာ ပံ့ပိုးငွေ()သိန်းကျပ်ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးစိုးမင်းက လက်ခံရယူကြောင်းသိရသည်။

အေးအေးသီ(ပြန်/ဆက်)