ခင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးကယ်ဆယ်ရေး လက်တွေ့လေ့ကျင့်

ခင်ဦး  ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးလောင်မှုဖြစ်ပွားပါက မီးဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယမန်နေ့ နံနက် ၉ နာရီက မီးသတ်စခန်းရှေ့တွင် လက်တွေ့လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လေ့ကျင့်ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးခိုးကြားတွင် သွားလာလှုပ်ရှားသော အသက်ရှု ကိရိယာ(B.A set) ဖြင့်လေ့ကျင့်ခြင်း၊ အသက်ကယ်ကြိုချည်နည်း လေ့ကျင့်ခြင်း၊ အထပ်မြင့်တိုက်များတွင် လူကယ်ရန် ကြိုးကူးနည်းဖြင့် လေ့ကျင့်ခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။

မီးသတ်တပ်ဖွဲဝင်များ အသုံးပြုရန်အတွက် ရှာဖွေကယ်ဆယ်ရေးသုံး ကြိုး ပေ(၃၀၀) ကြိုးခွေ နှစ်ခွေနှင့် (၁၄)ပေ ကြိုး (၁၂) ချောင်းကို မြို့မိ၊ မြို့ဖ ဦးမင်းနိုင် (မိသားစု) ကလှူဒါန်းထားကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူခ ကပြောသည်။

စိုးဝေအောင်(ခင်ဦး)