လှိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုစာရင်း မှန်ကန်ရေးအတွက် မြို့နယ်အဖွဲ့များဖြင့် စိစစ်ဆောင်ရွက်​

လှိုင် ဒီဇင်ဘာ ၁၇

လှိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အ​​ခြေခံလူတန်းစားအိမ်ထောင်စုစာရင်း ပိုမိုပြည့်စုံမှန်ကန်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြည်သူများသိရှိစေရန် ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် လှည့် လည် နှိုးဆော်အသိပေးကြေညာခြင်း၊ သတ်မှတ်ပုံစံထောက်ခံချက်များဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များတွင် လာရောက်လျှောက်ထားရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် အသိ​ပေးစာများ၊ သတ်မှတ်ပုံစံများ ကပ်ထားခြင်း၊ ပုံစံစာရွက်များ လိုက်လံဝေငှပေးခြင်း၊ ရပ်ကွက်အ တွင်းလှည့်လည်ကြေညာပေးခြင်း၊ ကွင်းဆင်း၍​ မြေပြင်အ​ခြေအ​နေ စစ်​ဆေး​ဆောင်ရွက်ခြင်းများ ဆောင်ရွက် ခဲ့ကြသည်။

ယခုအခါ ထိုကဲ့သို့ လာ​ရောက်​လျှောက်ထားကြသော လျှောက်လွှာများအနက်မှ လှိုင်မြို့နယ်ရှိ ရပ်ကွက် (၁၆)ခုမှ​ လျှောက်ထားလာသည့် အိမ်ထောင်စု(၅၄၀၁)စုအား ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်မှ စတင်၍ လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်း ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်ရုံးမှ အဖွဲ့များပါဝင်သော မြို့နယ်စိစစ်ရေးအဖွဲ့ များဖြင့် အဖွဲ့(၈)ဖွဲ့ခွဲပြီး စိစစ်ဆောင်ရွက်လျက်ရှိကြသည်။ ဆက်လက်၍ ကျန်ရပ်ကွက်(၈)ခုတို့အား အဖွဲ့များဖြင့် ဆက်လက် စိစစ်​ဆောင်ရွက်သွားကြမည်ဖြစ်​ကြောင်း သတင်းရရှိသည်။

ကြည်​​ဇေ​သော် (ပြန်/ဆက်)