ဒဂုံ ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဦးဝိစာရရပ်ကွက် ရှိ ဦးဝိစာရလမ်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်အေးနှင့်အဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောမင်းသန်းတို့က ပူးပေါင်း၍ ယမန်နေ့ည၉ နာရီကယာဉ်ကြောပိတ်ဆို့ စစ်ဆေးဆောင်ရွက်ကြောင်းသိရသည်။
ယာဉ်စစ်ဆေးရာတွင်မြို့နယ်တာဝန်ရှိသူများက ကိုဗစ်-၁၉ကာလတွင် အများပြည်သူများစိတ်အေး ချမ်းစွာနေနိုင်ရေး၊ ဒုစရိုက်မှုခင်းများမဖြစ်ပေါ်စေရေးနှင့် အသက်အိုးအိမ်စည်းစိမ်ကာကွယ် စောင့်ရှောက်နိုင်ရေး တို့ အတွက် ယာဉ်တင်လှည့်ကင်း ဆောင်ရွက်ခြင်း၊ လမ်းတလျှောက် ဖြတ်သန်းသွား လာသော ယာဉ်များ အား ရပ်တန့်စေပြီး ယာဉ်စည်းကမ်းဆိုင်ရာများ သိရှိစေရန် ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်ခြင်းနှင့် နယ်မြေအေးချမ်း လုံခြုံရေးတို့အတွက် စစ်ဆေးကြောင်း သိရသည်။ ယင်းသို့စစ်ဆေးပေးခြင်းအားဖြင့် ယာဉ်အန္တရာယ် မတော်တဆဖြစ်ပွားမှုများနှင့် အခြားမလိုလားအပ်သည့် အန္တရာယ်များမဖြစ်ပေါ်စေရန် စုပေါင်းဆောင်ရွက် ကြောင်း သိရသည်။
မိုးမိုးခိုင် ( ပြန်/ဆက်)