လသာ ဒီဇင်ဘာ ၁၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ် ၁၇ လမ်း၊ ၁၈ လမ်းအတွင်း စျေးရောင်း၊ စျေးဝယ် ပြုလုပ်နေသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် mask တပ်ဆင်ပြီး သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာရန် အသိပေးခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှတာဝန်ရှိသူများက လသာမြို့အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာရမည့်ရောဂါကာကွယ်ရေးဆိုင်ရာ အချက်များ နှိုးဆော်အသိပေးခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လသာမြို့နယ်အတွင်းရှိ ၁၇လမ်း၊ ၁၈လမ်း ယာယီပျံကျဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မေသူ (ပြန်/ဆက်)