လသာ ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ပြည်သူအားလုံး ပြင်ပထွက်ခွာရာ၌ Mask တပ်ဆင်မှု ရှိစေရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို မြို့နယ်အဆင့်သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်း အချိန်က မြို့နယ်၏ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လသာမြို့နယ်၏ လူစည်ကားရာ နေရာများ ဖြစ်သည့် မဟာဗန္ဓုလလမ်း၊ ၁၉လမ်း၊ လမ်း ၂၀ရှိ ဈေးသည်များနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကာကွယ်နိုင်ရေး အတွက် နေအိမ်ပြင်ပထွက်ခွာတိုင်းတွင် ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်လာစေရေးအတွက် ဆောင်ရွက် ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို အသိပညာပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြပါသည်။
အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ရဲ့တပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေး ရာအဖွဲ့၊ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန် ထမ်းများ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြပြီး Mask Campaign ကို နေ့စဉ်မြို့နယ်အတွင်းရှိ သတ်မှတ်နေရာများ အလိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မေသူ (ပြန်/ဆက်)