တွံတေး ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက္ဘ်ရည်ဆိုင်၊ စတိုးဆိုင်၊ ကုန်မာဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ မိုဘိုင်းဖုန်းဆိုင်၊ ဆိုင်ကယ်အရောင်းပြခန်းနှင့် အပိုပစ္စည်း အရောင်းဆိုင်၊ ကွမ်းယာဆိုင်များ စစ်ဆေးခြင်းကို ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျန်းမာရေးအသိပညာပေး အရှိန်အဟုန် မြှင့်တင်ရေး လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ စျေးဆိုင်များ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးဇော်လှ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးတင်အောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများက စားသောက်ဆိုင်၊ လက္ဘ်ရည်ဆိုင်၊ စတိုးဆိုင်၊ ကုန်မာဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ မိုဘိုင်းဖုန်းဆိုင်၊ ဆိုင်ကယ် အရောင်းပြခန်းနှင့် အပို့ပစ္စည်း အရောင်းဆိုင်၊ ကွမ်းယာဆိုင်များအား ရွှေဆံတော်ဘုရားလမ်းတစ်လျှောက် စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာအကွယ်(Face Shield)များ တပ်ဆင်ရေး၊ စျေးရောင်းချသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ စျေးဝယ်သူများ လိုက်နာရမည့် စည်းကမ်းချက် များအပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ ကုသရေးထက် ကြိုတင်ကာကွယ်ရေးက ပိုမိုထိရောက်ကြောင်းကို Hand Speaker ဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို တာဝန်ရှိသူများက စျေးဆိုင် ခန်းအား လိုက်လံကွင်းဆင်းကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရေး အသိပညာပေးခြင်း၊ စစ်ဆေးပြောကြားခဲ့ကြောင်း သိရှိရသည်။
မျိုးလှိုင်( တွံတေး)