ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းရည်ပြည့်ဝစေရန် အပတ်စဉ်လေ့ကျင့်ဆောင်ရွက်

ကွမ်းခြံကုန်း ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ခြင်း နှင့် မီးလောင်ပြင်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည် ပြည့်ဝစေရန် လေ့ကျင့်ဆောင်ရွက်မှုများကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရှေ့တွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်ဆောင်ရွက်မှုတွင် မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဦးမြတ်သူထိုက်မှ မီးသတ်စခန်းရှိ တပ်ဖွဲ့ ဝင်များအား မီးလောင်မှုဖြစ်ပေါ်လာပါက မီးလောင်ပြင်တွင် ထိထိရောက်ရောက် မီးငြှိမ်းသတ်နိုင်ရန်အတွက် တစ်ပိုက် နှစ်တန်းခွဲဖြင့် လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။ အလားတူ ယမန်နေ့ နံနက်ပိုင်းကလည်း မီးလောင် ပြင်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Area Lighting   အသုံးပြုနည်းကို မီးသတ် စခန်းတာဝန်ခံမှ မီးသတ်တပ်ဖွဲ့ဝင်များအား လက်တွေ့လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)