အလုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး/အလယ်တန်းပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

အလုံ ဇူလိုင် ၂၄

အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ပညာရေး၀န်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တိုပူးပေါင်းဆောင်ရွက်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး/အလယ်တန်းပညာရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးစိုးသိန်းက လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးနေမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားခြင်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်ထွန်းက ကျောင်းပြင်ပမူလတန်း၊ ကျောင်းပြင်ပအလယ်တန်းကိစ္စဆောင်ရွက်ထားရှိမှု အခြေအနေအားရှင်းလင်းတင်ပြခြင်း၊ လူမှုရေးရာ၀န်ကြီးဦးဌေးအောင်က ခရိုင်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌတာ၀န်ပေးခန့်အပ်လွှာများပေးအပ်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နှင့်အလှူရှင်များက အလှူငွေနှင့်၀တ်စုံစရိတ်များပေးအပ်လှူဒါန်းခြင်းနှင့် ကျောင်းသား/သူများက"ကလေးများအတွက် ဒီနေ့" သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့က ခင်းကျင်းပြသထားသည့်ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့၀န်ကြီးများ၊ ပညာရေး၀န်ကြီးဌာနဒုတိယ၀န်ကြီးဦးနေမျိုးလှိုင်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်စွာသွင်၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်ထွန်း၊ တိုင်းဒေသကြီးပညာ‌ရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ၀င်များ၊ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းသိန်း၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီးဇော်ဝင်းနှင့် (မင်္ဂလာဒုံ၊ အင်းစိန်၊ ဒဂုံမြို့သစ်၊ ဗိုလ်တထောင်၊ သန်လျင်၊ တွံတေး)တို့မှ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်ပညာရေးမှူးဒေါ်ခင်မျိုး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကို၊ အဖွဲ့၀င်(၁) ဗိုလ်မှူးဌေးကြွယ်၊ အတွင်းရေးမှူး ရဲမှူးအောင်ကျော်ကျော်၊ မြို့နယ်ပညာရေးမှူးဒေါ်လှကြူမာ၊ (ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်(ဆိပ် ကမ်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ သာကေတ၊ သန်လျင်၊ ကျောက်တန်း၊ ဒလ၊ ကော့မှူး)တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ အထက(၄)ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေသော်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းပြင်ပမူလတန်းနှင့် အလယ်တန်းကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ စုစုပေါင်းအင်အား (၃၀၀) ဦးခန့်တက်ရောက်ခဲ့‌ကြောင်း သိရသည်။

ယောဧရာ(ပြန်/ဆက်)