လှည်းကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

လှည်းကူး ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၂)ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်မိခင်နှင့်ကလေးစောက်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကေသီခိုင်က ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သောအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်သွားဖက်ဆိုင်ရာ လက် ထောက်အထူးကု ဆရာဝန်ဒေါက်တာတင်နိုင်က သွားကျန်းမာရေးနှင့်ပတ်သက်၍ လိုက်နာရမည့်အခြေခံအချက်များ သွားကျန်းမာရေးကို ဂရုစိုက်ရမည့်အချက်များနှင့်သွားဖက်ဆိုင်ရာ ဖြစ်တက်သောရောဂါများအကြောင်းကိုပြောကြားခဲ့သည်။

ဆက်လက်၍ သန့်(၄)သန့်အစီအစဥ်ဖြင့် ကျောင်းရှိယင်လုံအိမ်သာများအားစစ်ဆေးခြင်း၊ ကျောင်းမုန့်စျေးတန်းများအား စည်းကမ်းချက်များနှင့်အညီစစ်ဆေးခြင်း၊ ကျောင်းရှိသောက်သုံးရေကန်များအား အဘိတ်ဆေးခပ်ခြင်း၊ သွားကျန်းမာရေးစစ်ဆေးပေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)