ဒဂုံတက္ကသိုလ်တွင် အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားပြုလုပ်

ဒဂုံ(အ‌ရှေ့) ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်တွင် ဇူလိုင်လ ၂၂ ရက်နေ့နံနက် ၁၀ နာရီအချိန်က အတွေ့အကြုံရှင်း လင်းပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားပြီး ကွန်ပျူတာသိပ္ပံဌာနမှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာမြတ်စုလှိုင်ကဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင်ကျင်းပပြုလုပ်သော လန်ချန်း-မဲခေါင်ဒေသဖွံ့ဖြိုးတိုးတက်ရေး လူငယ်များ၏ ဆန်းသစ်တီထွင်မှုပြိုင်ပွဲသို့တက်ရောက်ခဲ့သော အတွေ့အကြုံများရှင်းလင်းခြင်း၊ ဘူမိဗေဒဌာနမှဦးရဲဇော် သရုပ်ပြကဂျပန်နိုင်ငံ Akita University တွင်ကျင်းပပြုလုပ်ခဲ့သော Sustainable Resource Development 2025 Short Stay Programသို့ တက်ရောက်ခဲ့သော အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာခိုင်ခိုင်ထွန်းမြင့်၊ ဥပဒေပညာဌာနမှ(ဌာနမှူး)ဒေါက်တာလှိုင်အောင်ထွန်း ပါမောက္ခ(ဌာနမှူး)၊ သင်တန်းရေးရာဌာနမှဌာနမှူး ဦးသန်းစိုးဦးတို့က စပိန်နိုင်ငံ၊ ဂရန်နာဒါတက္ကသိုလ်တွင် ကျင်းပပြုလုပ်သောပညာရေးရပ်ဝန်းယဉ်ကျေးမှုများနှင့် အမြင်များချိတ်ဆက်ခြင်းဆိုင်ရာသို့တက်ရောက်ခဲ့သော အတွေ့အကြုံများအားရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေးသည်များကို ဖတ်ကြားသူများမှ ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ