စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ (၇) ဦးထပ်မံတွေ့ရှိ

ကလေး ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်ဒီဇင်ဘာ ၁၆ရက်နေ့က ခုတင်-၃၀၀ဆံ့ဆေးရုံ အထူး ကြတ်မတ်ကုသဆောင်တွင် အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုးသဖြင့် လာရောက်ပြသသူများအား ဓာတ်ခွဲနမူနာများရပြီးTest Kitများဖြင့် စစ်ဆေး သူများအနက် (၃)ဦးတွင်လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြု လူနာများနှင့် ဆက်စပ်သူ (၄၇)ဦးအား စစ်ဆေးရာ (၄) ဦးတွင် လည်းကောင်း (စုစုပေါင်း ၇ဦး) တွင် ကိုဗစ်-၁၉ ကပ်ရောဂါ Positive အဖြေထွက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာ (၇)ဦးတို့မှာ ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်နေ အမျိုးသား(၁)ဦး၊ ညောင်ပင် သာရပ်ကွက်နေ အမျိုးအမျိုးသား (၁)ဦး၊ အောင်မင်္ဂလာရပ်ကွက် နေအမျိုး သား(၁)ဦးနှင့်အမျိုးသမီး(၁)ဦး၊ အောင်မြေ မာန်ရပ်ကွက်နေအမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦး တို့ဖြစ်ကြပြီး တိုင်းရင်းဆေးရုံနှင့်ပြည်သူ့အငှား အိမ်ယာ အိတ်စွပ်တွင် ဆေးကုသမှုခံယူ စေလျက်ရှိ ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်ကိုဗစ်-၁၉ကူးစက်ခံရသည့် အတည်ပြုလူနာ(၅၈)ဦး ကျန်ရှိနေပြီး အဆိုပါ အတည်ပြုလူနာများကို တိုင်းရင်းဆေးရုံနှင့်ပြည်သူ့အငှား အိမ်ယာအိမ်စွပ် တို့တွင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)