ကလေး ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ပျဉ်းခုံကြီးစိုက်ပျိုးရေးစင်တာအတွင်းရှိ ဆည်တော်ဦး ကျေးရွာတွင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ထိခိုက်မှုအပေါ် သက်သာရေးစီမံချက် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုး ထားသော မိုးစပါးဧရာမင်း (RS-CS) စံကွက် ရိတ်သိမ်းခြင်းကို တောင်သူဦးစိုးတင့်၏ လယ်ကွင်းတွင် ဒီဇင်လာလ ၁၅ ရက်နေ့ နံနက် ၈ နာရီ က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရွာတွင် ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများသည် ဒေသခံ တောင်သူများ ပူးပေါင်းကာ မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း ရိတ်သိမ်းမည့်လယ်ကွက်တွင် စံနှုန်း များ တိုင်းတာခြင်း၊ ရိတ်သိမ်း ချွေလေ့ ထားသော စပါးများ၏ အထွက်နှုန်းတိုင်းတာခြင်း များကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မိုးစပါးဧရာမင်းစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် (၉၇ ဒဿမ ၆၆) တင်း ထွက်ရှိပြီး ကလေးမြို့နယ်အတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးဧရာမင်း (၅၁၀) ဧက စိုက်ပျိုးလျက်ရှိကြောင်း ကလေးမြို့နယ် စိုက်ပျိုး ရေး ဦးစီးဌာနရုံး မှ သိရသည်။
ထန်းဖုန်(ပြန်/ဆက်)