ပင်လည်ဘူးမြို့၌ ကုန်စုံဈေးဆိုင်များတွင် သုံးစွဲရန်မသင့်သော ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိနှင့် ကျန်းမာရေးအထောက် အကူပြု ပစ္စည်းများ စျေးနှုန်းကြီးမြှင့်မှု ရှိ/မရှိစစ်ဆေး

ပင်လည်ဘူး ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာလ ဈေးဆိုင်များတွင် သုံးစွဲရန်မသင့်သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆေးဝါးများ ရောင်းချခြင်းရှိ/မရှိနှင့် ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ စျေးနှုန်းကြီးမြှင့်မှု ရှိ/မရှိစစ်ဆေးမှုကို ဒီဇင်ဘာ ၁၆ ရက်နေ့က ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ပင်းကြိုင်းကျေးရွာတွင် ရောင်းချလျက်ရှိသည့် ကုန်စုံဈေးဆိုင်များ အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်မှုများကို ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းပိုနှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ကြိုင် တို့မှ ဦးဆောင်ပြီးမြို့နယ် အထွေ ထွေအုပ် ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ကျေးရွာအတွင်း ရောင်းချ လျက်ရှိသည့်  စားသောက်ကုန်စုံဆိုင်များတွင်  ကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းနှင့် သုံးစွဲရန် မသင့်သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန် မှိုတက် အစားအသောက်များနှင့် သက်တမ်းကုန်ဆုံးရက်စွဲ၊ ကုန်အမှတ်တံဆိပ်များ မပါရှိသည့် ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့နောက် စားသုံးသူများ ဘေးကင်းလုံခြုံစေရေးအတွက် ဈေးဆိုင်ပိုင်ရှင်များအား ကျန်းမာရေး အထောက်အကူပြု ဆေးဝါးများနှင့် ကုန်စည်များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ တားမြစ်ကုန် ပစ္စည်းများနှင့် ကုန်အညွှန်း အမှတ်အသားထည့်သွင်းထားခြင်း မရှိသည့် ကုန်စည်များကိုလည်း ရောင်းချခြင်း မပြုကြရန် အသိပညာပေးရှင်းလင်း ပြောကြားခဲ့ကြ ကြောင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ကြိုင်ထံမှ သိရသည်။

မျိုးလွင်(ပင်လည်ဘူး)