မှော်ဘီနည်းပညာတက္ကသိုလ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းဟောပြောပွဲကျင်းပ

မှော်ဘီ  ဇူလိုင်  ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရေးယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မှော်ဘီနည်းပညာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မှော်ဘီလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ ဒုရဲမှူး ဝေလွင်က လူကုန်ကူးမှု ဖြစ်ပေါ်လာရခြင်းအကြောင်းအား ဟောပြောရှင်းလင်း၍ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၆၄)မှ ဒုရဲမှူးအောင်ဇော်က မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတို့အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာနှင့်ပတ်သက်၍ လိုက်နာရန်နှင့် ရှောင်ကြဉ်ရန် အချက်အလက်များကိုပြောကြားရာတွင် ယာဉ်မောင်းသူများအနေဖြင့် အရက်သေစာသောက်စားမောင်းနှင်ခြင်း၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ ယာဉ်တစ်စီးနှင့် တစ်စီးအရှိန်ပြင်းစွာ မောင်းနှင်ကျော်တက်ခြင်း၊ ဖုန်းပြော၍ မောင်းနှင်ခြင်းများ၊ မဆင်မခြင်မောင်းနှင်ခြင်းများ မပြုလုပ်ကြရန်နှင့် မြို့တွင်းမောင်းနှင်ခြင်းများကိုလည်း မိမိတို့အနေဖြင့် သတ်မှတ်ထားသည့်နှုန်းထားဖြင့်သာ မောင်းနှင်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မှော်ဘီမြို့နယ်လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ ဒုရဲမှူးဝေလွင်မှော်ဘီယာဉ်ထိန်း တပ်ဖွဲ့စု(၆၄)မှဒုရဲမှူးအောင်ဇော်နှင့် ယာဉ်ထိန်းတပ်ဖွဲဝင်(၆)ဦး၊ မှော်ဘီမြို့နယ်နည်းပညာတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ(၂၇၀)ဦးတို့နှင့် ဖိတ်ကြားထားသောတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)