ဟုမ္မလင်းမြို့၌ နှာခေါင်းစည်း (Mask) မတပ်ဘဲ သွားလာသူများကို အရေးယူဆောင်ရွက်

ဟုမ္မလင်း  ဒီဇင်ဘာ  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွန်ချက်နှင့်အညီ နှာခေါင်စည်း (mask)မတပ်ဘဲ နေအိမ်ပြင်ပ ထွက်လာသူများကို ဟုမ္မလင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး အရေးပေါ် တုံ့ပြန်ရေး လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ယနေ့နံနက် (၉)နာရီက ဟုမ္မလင်းမြို့ (ကမ်းနားလမ်းတွင်) အရေးယူဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်း (mask) တပ်ဆင်မှု မရှိသူ (၃၀)ဦးကို တစ်ဦးလျင် မြို့နယ်တရားရုံး ဒဏ်ကြေး ငွေကျပ် (၁၅၀) နှင့် mask တစ်ခုလျှင် (၅၀)ကျပ် ပေးဆောင်စေ၍ တပ်ဆင်ပေးဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း (mask) မတပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသူများအား အရေးယူဆောင်ရွက်ခြင်း လုပ်ငန်းကို ဟုမ္မလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်း၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)