ဒုံဟီးမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်သူ (၈)ဦးထားရှိ

ဒုံဟီး ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့တွင် (ပြည်ပ)မှ ပြန်လာသူ (၈)ဦးအား ကန့်သတ် စောင့်ကြည့်နေရာတွင် ထားရှိလျက်ရှိကြောင်းသိရသည်။

အဆိုပါ (၈)ဦးသည် အိန္ဒိယနိုင်ငံ၊ နာဂလန်ပြည်နယ်၊ ဒီမာပူမြို့တွင် ကျောင်းတက်နေထိုင်သော အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၄ ဦး ပေါင်း(၈)ဦးတို့သည် နေရပ်ဖြစ်သည့် ဒုံဟီးမြို့သို့ ခြေလျင်ဖြင့် ယနေ့တွင် ရောက်ရှိလာပြီး ၎င်းတို့အား သက်ဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးကာ ယနေ့ နံနက်ပိုင်းက ဒုံဟီးမြို့အ.ထ.ကကျောင်းတွင် ကန့်သတ်စောင့်ကြည့်သူအဖြစ် ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

တင်းရှေး(ပြန်/ဆက်)