ထန်ပါခွေမြို့၌ Quarantine Center အသစ်ထားရှိမည့် နေရာအား စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

ထန်ပါခွေ      ဒီဇင်ဘာ        ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က Quarantine Center အသစ်ထားရှိမည့်နေရာအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Quarantine Center အသစ်ထားရှိမည့် ဆောက်လုပ်ရေး ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ နှင့် Quarantine Center စောင့်ကြပ်ကွပ်ကဲရေးနေရာထားရှိမည့် အိမ်ရာ ၂ ခန်းတွဲအား ထန်ပါခွေမြို့ ဌာနဆိုင်ရာဝန်ထမ်းများမှ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြပြီး  Quarantine Center အတွက် လိုအပ်သော ပစ္စည်းများကိုလည်း အလှူရှင်များမှ စုပေါင်းလှူဒါန်းခဲ့ကြကြောင်းသိရသည်။

၎င်း Quarantine Center တွင် ပြောင်းရွှေ့ရောက်ရှိလာမည့် ဝန်ထမ်းများအား ထားရှိမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်တားဆီးရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

ဟန်ထွန်း(အင်းဝ)