လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ညောင်ကျေးရွာအုပ်စု ၅၅၅ တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်‌ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း)  ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ဇူလိုင်လ ၂၅ ရက်နေ့နံနက် (၈) နာရီ၌ ညောင်ကျေးရွာ အုပ်စုပိုင် ၅၅၅ မြေနုကျွန်းအတွင်းရှိ နေအိမ်များအား တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

ကွင်းဆင်း ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များနှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန   ဒေါက်တာကြူကြူသင်းနှင့်အဖွဲ့ဝင်တို့က လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာများအတွင်းရှိ အိမ်များအား ခြင်နှင့် ပိုးလောက်လမ်း နှိမ်နင်း‌ခြင်း၊ နေအိမ်များရှိရေကန်များတွင် Abate ဆေးများခတ်ခြင်း၊ ဖုံး၊သွန်၊လဲ၊စစ်၊ မှောက်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်နှင့်အဖွဲ့၀င်များ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များ၊ ညောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှိုင်၀င်းနှင့်အဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊မြတ်ဓမ္မမစေတမန်ပရဟိတအသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့တို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)