မြောက်ဥက္ကလာပ ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းပတ်၀န်းကျင်သန့်ရှင်းစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဝေဘာဂီရပ်ကွက်၊ မေဓါဝီလမ်း ဆေးဝါးတက္ကသိုလ်ဝန်းအတွင်း ယမန်နေ့နံနက် ၇ နာရီအချိန်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ကာ သွေးလွန်တုပ်ကွေးနှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့မှ ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းပတ်၀န်းကျင်သန့်ရှင်းစေရေးအတွက် ဝေဘာဂီရပ်ကွက်၊ မေဓါဝီလမ်း ဆေးဝါးတက္ကသိုလ်ဝန်း အတွင်း/အပြင် ပတ်၀န်းကျင်အနီးအနားရှိ အမှိုက်သရိုက်များကောက်ယူခြင်း၊ မြက်ပင်၊ ပေါင်ပင်၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းအတွင်း/အပြင်များတွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းဆယ်ယူရှင်းလင်းခြင်း၊ သစ်ပင်အောက်အတက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း၊ သစ်ရွက်ခြောက်ကြွေများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိအမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)