ပခုက္ကူ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာတို့၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအကြောင်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက ဒီဇင်ဘာလ ၁၆ရက် နံနက်ပိုင်းမှစတင်၍ ဆောင် ရွက်ကြကြောင်းသိရသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ပခုက္ကူမြို့နယ်အတွင်းရှိ ပေါင်လောင်ကန်၊ ထိန်ပင်ခုံ၊ဥယျာဉ်စု၊ နတ်ကျွန်းနှင့် ဆိပ်ကမ်း သာယာ ကျေးရွာ တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)အကြောင်း မိတ်ဆက်ရှင်း လင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများကို ဒီဇင်ဘာလ ၁၆ရက် နံနက်ပိုင်းမှစတင်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပိုက်ကို၊ မကွေးတိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း၊ ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်နှင့်ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ကြသည်။
အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များကို ကျေးရွာသူ/ ကျေးရွာသားများကိုယ်တိုင် မဲပေးရွေးချယ်စနစ်ဖြင့် ရွေးချယ်စေပြီး ကျေးရွာတစ်ရွာလျှင် ခွင့်ပြုငွေကျပ်သိန်း (၁၀၀)စီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းကို ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးရွာသူ/သားများကိုယ်တိုင် ပါဝင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရရှိစေရန်၊ ကျေးရွာအခြေ အနေနှင့် ကျေးလက်နေပြည်သူများ၏ အမှန်တကယ် လိုအပ်ချက်များကိုသိရှိပြီး ထိရောက်စွာ ဆောင်ရွက် ပေးနိုင်ရေးတို့ အတွက် ရည်ရွယ်ကာ အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကျေးရွာရှိအခြေခံ အဆောက် အဦး၊ လမ်း၊ တံတား များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပခုက္ကူမြို့ နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်က ပြောသည်။
ဆလိုင်းကိုကီး