ကျောက်တန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်

ကျောက်တန်း ဇူလိုင် ၂၈

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယမန်နေ့နံနက်(၆)နာရီမှစ၍ တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာခဲ့ရာ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၏ စာစစ်ဌာနများဖြစ်သော အထက(၁)နှင့်အထက(တံတား) စာစစ်ဌာနများ၌ အောင်စာရင်းများ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ၂၀၂၄-‌၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဖြေဆိုသူစုစုပေါင်း (၇၇၈)ဦး ဖြေဆိုခဲ့ရာ အောင်မြင်သူစုစုပေါင်း (၄၀၃)ဦး ဖြေဆိုအောင်မြင်ကြပြီး ရာခိုင်နှုန်းအားဖြင့် (၅၁.၈%)ဖြစ်ကြောင်း သိရှိရသည်။

နေလင်းကျော် (ပြန်/ဆက်)