ပခုက္ကူ ဒီဇင်ဘာ ၁၇
ပခုက္ကူမြို့ရှိပွဲရုံများသို့ ကိုင်းကျွန်းကြက်သွန်နီအသစ်များနေ့စဉ် ဝင်ရောက်လျှက်ရှိကြောင်း သိရသည်။
ပခုက္ကူပတ်ဝန်းကျင် ဧရာဝတီနှင့်ချင်းတွင်းမြစ်ဆုံရာ ရေစကြိုမြို့နယ်အတွင်းရှိ မြစ်ရေ ဝင်ရောက်သည့် ကျေးရွာ ဒေသများရှိ ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးထားသော ရေကျစိုက် ကြက်သွန်နီ များဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ပုံမှန်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ အသစ်ဈေးနှုန်းမှာ ပခုက္ကူမြို့ ကုန်စည်ဒိုင်၏ ယမန်နေ့ထုတ်ပြန်ချက်အရ တစ်ပိဿလျှင်ကျပ် ၅၀၀ ကျပ်မှ ၈၄၀ ကျပ်ရှိကြောင်း သိရသည်။
ရေစကြိုမြို့နယ် ကန်ဒေါင့်ကျေးရွာမှ ကြက်သွန်နီလာရောက်ရောင်းချသူ ဦးဘိုရွှေက ယမန် နေ့ဈေးနှုန်း အနေအထားအရ သက်တင့်ကောင်းမွန်ကြောင်းနှင့် ယနေ့ကပ်ဈေးနှုန်း မသိရသေးကြောင်း ပြောကြားသည်။
ကိုတမာ(ပြန်/ဆက်)