စည်ပင်ဈေး၊ စည်ပင်ရုံးနှင့် ရိပ်သာများတွင် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ကျောက်ထု  ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ရှိစည်ပင်ဈေး ၊စည်ပင်ရုံးနှင့် ရိပ်သာနေရာများတွင် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ယနေ့နံနက်က ကြိုတင်သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ကြောင်း သိရသည်။

ထိုသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် ကျောက်ထုမြို့ မီးသတ်တပ်ဖွဲ့ရုံးမှ မီးသတ်ကားများ အသုံးပြု၍ ရေပက်ဖြန်းခြင်း၊ မီးသတ်ဆေးဘူးများအသုံးပြု၍ မီးငြိမ်းသတ်ခြင်းတို့ကို ဇာတ်တိုက် လေ့ကျင့်ခြင်းများ ပါဝင်သည်။

ထိုသို့ဇာတ်တိုက်လေ့ကျင့်ကြရာသို့ ကျောက်ထုမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ မီးသတ်တပ် ဖွဲ့များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တက်ရောက် လေ့လာကြသည်။

မီးဘေးလုံခြုံကြိုတင်  ကာကွယ်ရေးအတွက်လက်တွေ့သရုပ်ပြဇတ်တိုက်လေ့ကျင့်ကြပြီး ကျောက်ထုမြို့ စည်ပင်သာယာ ဈေးတွင် မီးချိတ်၊ မီးကပ်၊ လှေခါးနှင့် ရေ၊သဲများ ပြည့်စုံစွာ ထားရှိနိုင်ရေး ကျောက်ထုမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော် ကိုကိုအောင်နှင့် စည်ပင် သာယာရေးအဖွဲ့များက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

မောဟေမာန်(ပြန်/ဆက်)