ကျိုက်မ​ရောတွင် ငှက်ဖျား​ရောဂါကူးစက်မှု ပ​ပျောက်​ရေး အသိ​ပညာပေးသင်တန်း ဖွင့်လှစ်

ကျိုက်မ​ရော   ဒီဇင်ဘာ   ၁၇

မော်လမြိုင်ခရိုင်၊ကျိုက်မ​ရောမြို့နယ် ပြည့်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်​သော  ငှက်ဖျား​ရောဂါ ကူးစက်မှု ပ​​ပျောက်​ရေး အသိ​​​ပညာပေးသင်တန်းကို ယ​နေ့နံနက် ၁၀ နာရီ က ကျိုက်မ​ရောမြို့ ပြည်သူ့​ဆေးရုံသင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့​ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မွန်ပြည်နယ်  ကျန်းမာ​ရေးဦးစီးဌာန၊     ငှက်ဖျားတိုက်ဖျက်​ရေးအဖွဲ့ ​မှတာဝန်ခံဆရာဝန်ကြီး​ ဒေါက်တာဉာဏ်ဆင့်က ငှက်ဖျားကူးစက်မှု ပ​​ပျောက်​ရေးအသိပညာ​ပေး​ရေးသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့သည်။

သင်တန်းဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ​ရောဂါ ထိန်းချုပ်ကာကွယ်​ရေး အတွက်ကျန်းမာ​ရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်ဖွင့်လှစ်​ဆောင်ရွက်ခဲ့​ပြီး သင်တန်းသို့ ကျိုက်မ​ရော မြို့နယ်အတွင်းရှိ ​ကျေးရွာများမှ အ​ခြေခံပြည်သူ့ ကျန်းမာ​ရေးဝန်ထမ်းများ၊ တိုက်နယ်​ဆေးရုံမှ ဝန်ထမ်းများနှင့် မြို့နယ် ​ဆေးရုံမှ ငှက်ဖျား​ရောဂါဆိုင်ရာ ကျန်းမာ​ရေး ဝန်ထမ်းသင်တန်းသားသင်တန်းသူ(၂၀)ဦး တို့ တက်​ရောက်ခဲ့ကြ​သည်။

အဆိုပါသင်တန်းကို အချိန်နှစ်ပိုင်းခွဲ၍ ဖွင့်လှစ်ပို့ချ​ပေးမည်ဖြစ်ကာ ပထမပိုင်းတွင် ကျန်းမာ​ရေးဝန်ထမ်းများအား သင်ကြားပို့ချ​ပေးမည်ဖြစ်ပြီး ​နေ့လည် ပိုင်းတွင်  မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (Volunteer) သင်တန်းသား (၂၅) ဦးတို့အား ပို့ချသင်ကြားပေးသွားမည်ကြောင်း မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနရုံးမှ သိရသည်။

ချိုချို (ပြန်/ ဆက်)