မုဒုံမြို့နယ်တွင် ပညာရေးဌာနမှမြို့နယ်အဆင့် C4M mobile Application အသုံးပြုနည်း ဆင့်ပွား သင်တန်းဖွင့်လှစ်

မုဒုံ      ဒီဇင်ဘာ        ၁၇

မွန်ပြည်နယ်မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင်ပညာရေးဌာနမှမြို့နယ်အဆင့် C4M mobile Application အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိရှင်အရဟံခန်းမ၌ ဖွင့်လှစ်သည်။

အဆိုပါသင်တန်းတွင်C4M mobile Application အသုံးပြုပုံအဆင့်ဆင့်၊ ပညာရေးဌာနမှ ဝင်စာများ ၊ ထွက်စာများ၊ စာကြမ်းများ၊ မှားယွင်းလျှောက်လွှာများနှင့် ကျောင်းလချုပ် စာရင်းများ အသုံးပြုပုံအဆင့်ဆင့်တို့ကို သင်ကြားပေး မည်ဖြစ်ပြီး ကျောင်းစာသင်ကျောင်းများတွင် ကျောင်းဒေတာ အချက်အလက်စာရင်း အင်းများကိုC4M mobile Application ကိုအသုံးပြုပြီး Online စနစ်ဖြင့်ဖြည့်သွင်း တက်စေရန်ရည်ရွယ်၍ မုဒုံမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက် ကွန်ပျူတာ လုပ်ဆောင်ရေးမှူး ဦးသိန်းမင်းလတ်၊ ဒေါ်သီတာဝင်းသင်တန်းနည်းပြ (၂) ဦးတို့က သင်ကြားပေးသွား မည်ဖြစ်သည်။

မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)၊ အလယ်တန်း ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ)၊ မူလတန်းကျောင်းများရှိ ဆရာ/ဆရာမ(၁၀၂)ဦးကို အုပ်စု(၁၄) အုပ်စုခွဲ၍ သင်တန်းကာလကို (၂) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူး ဒေါ်မြဝင်းထံမှ သိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)