မော်လမြိုင် ဒီဇင်ဘာ ၁၇
ကလေးသူငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ကလေးသူငယ်အခွင့် အရေးများ ဆိုင်ရာနှင့်ပတ်သက်၍ နိုင်ငံတော်မှ ချမှတ်ထားသည့် ဥပဒေများ၊ မူဝါဒများ သိရှိ နိုင်စေရန် ရည်ရွယ်၍ ကလေးသူငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရပ်တန့်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက မော်လမြိုင်ခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ဆောင်ရွက်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရဲမြတ်ဦး က ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု မရှိစေရေး နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများနှင့် ကလေးသူငယ် အခွင့်အရေးများကိုလည်းကောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးဝေလင်းထွန်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ မြို့နယ်ကော်မတီ၏ ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်း ဆွေးနွေးပြီး World Vision Myanmar (မော်လမြိုင်)မှ ဒေသဖွံ့ဖြိုးရေး စီမံကိန်းမန်နေဂျာ ဒေါ်ချိုချိုဝင်းက ဒေသဖွံ့ဖြိုးရေး ကလေးဗဟိုပြုလုပ်ငန်းများ နှင့် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး Child Forum ဆောင်ရွက်မှုများကို အသေးစိတ် ဆွေးနွေးပေးကြောင်း သိရသည်။
အဆိုပါ အသိပညာပေး (Talk Show)များကို အွန်လိုင်းမှတစ်ဆင့် ပြည်သူများ အသိပညာ ရရှိ စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဦးစီးအရာရှိဒေါ်ဝါဝါလွင်ထံမှ သိရှိရသည်။
ဇာဖြူဝင်း