ရေဖြူ ဒီဇင်ဘာ ၁၈
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုဖြစ်ပွားနေဆဲဖြစ်သည့်အတွက် လူတိုင်းအပြင်ထွက်လျှင် နှာခေါင်းစည်းMask တပ်ဆင်သွား လာရေး အသိပညာပေးခြင်းကို တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယနေ့နံနက် ပိုင်းက ကျောက်တိုင်လမ်းနှင့် ဆေးရုံလမ်းဆုံ၊ မေတ္တာလမ်းတို့တွင် ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် Youth Club အဖွဲ့တို့ ပူးပေါင်းကာဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးခြင်းကို လမ်းလျှောက်လာသူ ၊စက်ဘီးစီးသူ၊ ဆိုင်ကယ်၊ ကားဖြင့် နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ သွားလာနေသူများအား Mask များဖြန့်ဝေပေးခဲ့သည်။ အဆိုပါ အသိပညာပေးလုပ်ငန်းကို ရေဖြူမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရေဖြူမြို့နယ် Youth Clubအဖွဲ့ဝင် လူငယ် (၁၅)ဦးတို့ Maskတပ်ဆင်သွားလာရန် Mask Campaign လုပ်ငန်းကိုပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဖြူဖြူရှိန် (ပြန်/ဆက်)