စစ်ကိုင်း ဒီဇင်ဘာ ၁၈
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေဦးစီးဌာန အုန်းတောနည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံများ နှင့် စိုက်ပညာရှင်ဝန်ထမ်းများ၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ သည် ယမန်နေ့၊ မွန်းလွဲပိုင်းက နယ်မြေအတွင်းရှိ ဆင်တပ်ကျေးရွာ ကွင်းအမှတ် (၈၃၁/ ၁)၊ ဦးပိုင်အမှတ် (၂၃၅/၁) တောင်သူဦးတင်မြင့်၊ ဦးပိုင်အမှတ်(၂၃၆)တောင်သူ ဦးလင်းလင်း၊ ဦးပိုင် အမှတ် (၂၄၆) တောင်သူ ဦးညွန့်ဝင်းတို့၏ အောင်မြင်ဖြစ်ထွန်းနေ သော(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးဆင်းသုခ မျိုးစေ့ထုတ်စိုက်ကွင်းများအား စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
"(CERP)အစီအစဉ်ဖြင့် စိုက်ပျိုးထားတဲ့ မိုးစပါးဆင်းသုခ မျိုးစေ့ထုတ်စိုက်ကွင်းတွေကို တစ်ဧက အထွက်နှုန်း ခန့်မှန်းသိရှိနိုင်စေရန် (၆.၆)ပေ ပတ်လည် စံကွက်ရိတ်သိမ်းပြီး လက်တွေ့ချိန်တွယ် ကြည့်ရာမှာ တောင်သူ ဦးတင်မြင့်ရဲ့ စံကွက်မှာ(၇၄.၂၁)တင်း၊ တောင်သူ ဦးလင်းလင်းရဲ့ စံကွက် မှာ (၇၈.၁၂) တင်း၊ တောင်သူ ဦးညွန့်ဝင်းရဲ့ စံကွက်မှာတော့(၇၀.၃၀)တင်း ထွက်ရှိ ပါတယ် ဒီစံကွက် တွေရိတ် သိမ်းအပြီး သီးထပ်စိုက်ပျိုးနိုင်အောင်၊ ရိတ်သိမ်းတဲ့အခါ အလေအလွင့် မရှိရအောင်၊ မျိုးစေ့ ထိန်းသိမ်းတဲ့ အခါ လိုက်နာရမဲ့ နည်းပညာတွေကို ဖြန့်ဝေဆွေးနွေး ပေးပါ တယ်" ဟု မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်ဦးက ပြောပြ၍သိရသည်။
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူ များအား စိုက်ပျိုးရေးအခက်အခဲများရှိပါက သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေးစင်တာများနှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးမေးမြန်းနိုင်ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှသိရသည်။
ဇော်မြင့်နိုင်