နတ်မောက်မြို့ မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးစင်တာ (၂)တို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ ( ၃၁ ) ဦး ကျန်းမာရေးကောင်းမွန်လျက်ရှိ

နတ်မောက်  ဒီဇင်ဘာ   ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးစင်တာ (၂)ခု ထားရှိရာ မြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့်  ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးစင်တာ (၂)တို့တွင် ပိုးတွေ့အတည်ပြု လူနာများ ထားရှိရာ တွင် ဒီဇင်ဘာ (၁၇)ရက်နေ့ စာရင်းအရ မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ပိုးတွေ့ အတည်ပြု လူနာ(၈)ဦး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးစင်တာ(၂)တွင် အတည်ပြုလူနာ(၂၃)ဦး စုစုပေါင်း (၃၁)ဦး တိုးအား သီးသန့်ထားရှိကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့လူနာများထားရှိရာ  မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် ကိုဗစ်-၁၉ ထိန်းချုပ် ရေးစင်တာ(၂)တို့တွင် နေရပ်ပြန်ပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍  အစားအသောက်များကို တာဝန်ယူ စီစဉ် ဆောင်ရွက်ပေးသည့်အပြင် ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် အခြားလိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း လုပ်ငန်းများကိုလည်း နေ့စဉ် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သင်းသင်းဝေ(နတ်မောက်)