ကွမ်းခြံကုန်း ဇူလိုင် ၂၉
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာထွန်းမင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာကျော်ကံကောင်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနွယ်နီလင်း (VBDC. Program Manger) တို့သည် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံးသို့ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင်ရောက်ရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာထွန်းမင်းနှင့်အဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံကာ သွေးလွန်တုပ်ကွေးရောဂါ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆေးရုံးတက်ရောက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာသို့သွားရောက်၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်းနင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)