ခရမ်း ဒီဇင်ဘာ ၁၈
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း (CDD)ကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာရေးနှစ်တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်မည့် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် ကျေးရွာအဆင့်စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်း အနားကို ယနေ့နံနက်(၁၁)နာရီအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ကိုဗစ်-၁၉ ကာကွယ်ရေးလမ်း ညွှန်ချက် များနှင့်အညီ ခရမ်းမြို့နယ် ဘုရားပျိုကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ခရမ်းမြို့နယ် တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်လတ်မှအဖွင့် အမှာစကားပြောကြားဖွင့်လှစ်ခဲ့ပြီးရန်ကုန်တိုင်း ကျေးလက်ဦးစီးမှူး ဦးကျော်လင်းသန်းမှ လူထုဗဟိုပြုကျေးရွာ အဆင့်စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည် ထို့နောက်တက်ရောက် လာသူများမှ စီမံကိန်းအကြောင်း သိရှိလိုသည်များမေးမြန်းကြရာ တိုင်းဦးစီးမှူး ဦးကျော်လင်းသန်း နှင့်တာဝန် ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်၊ တိုင်းကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရမ်းမြိူ့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့် သက်ဆိုင်ရာ ကျေးရွာများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
ကိုမင်း (ခရမ်း )