ကော့ကရိတ် ဒီဇင်ဘာ ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ပြည်ထောင်စု)ခွင့်ပြုရန်ပုံငွေကျပ်(၁၉၆.၀၉၅)သန်းဖြင့် ဆောင်ရွက် လျက်ရှိသည့် သမိန်ဒွတ်-ခရင်း-ကညင်ကတိုက်ကျေးရွာချင်းဆက်လမ်း(၁/၆)မိုင်ကျောက်ခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်း ကကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှူကြီးကြပ်ရေးရုံးမှ ဒုတိယညွန်ကြားရေးမှူးဦးစောထူးနှင့် တာဝန်ရှိသူများက ကွင်းဆင် ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောက်ခင်းခြင်းလုပ်ငန်းဖောက်လုပ်ပြီးစီးပါက ကျေးရွာနေဒေသခံပြည်သူများ ရာသီမရွေးဆက်သွယ် သွားလာနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည့်အပြင် ဒေသအတွင်းရှိ ထွက်ကုန်ပစ္စည်းများ စျေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်ပြီးစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုမြှင့်မားလာမည် ဖြစ်ပြီးကျေးရွာ(၁၄)ရွာ၊အိမ်ခြေ(၂၁၇၀)အိမ်၊လူဦးရေ(၁၃၆၃၅)ဦး အား အကျိုးပြုနိုင်မည်ဖြစ်သည်။ လက်ရှိတွင် ကျေးရွာလမ်းခင်းခြင်းသည်ရာခိုင်နှုန်း ၂၅.ကျော်ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်းနယ်စပ်ဒေသနှင့် တိုင်းရင်း သား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ခံဒေါ်ခင်ချိုဆင့်ထံမှသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)