တမူးမြို့နယ်၊ ကွန်းတောင်းကျေးရွာအုပ်စုတွင် သုံးထပ်စက်ဝိုင်း ကုမ္ပဏီလီမိတက်မှ ဆန်နှင့် ဆီများ ထောက်ပံ့လှူဒါန်း

တမူး ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကွန်းတောင်းကျေးရွာအုပ်စုတွင် သုံးထပ်စက်ဝိုင်း ကုမ္ပဏီလီမိတက်မှ ဆန်နှင့်ဆီများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၉) နာရီ အချိန်ခန့်က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် သုံးထပ်စက်ဝိုင်း ကုမ္ပဏီလီမိတက်မှ တာဝန်ခံဦးဇော်နိုင်နှင့် ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့များက ကွန်းတောင်းကျေးရွာအုပ်စု အတွင်းရှိ ကွန်းတောင်း (ဟောင်း) ကျေးရွာ၊ ကွန်းတောင်း(သစ်)ကျေးရွာ၊ အူးစူးကျေးရွာ၊ သာယာကုန်းကျေးရွာတို့ရှိ အိမ်ထောင်စု (၁၈၃) စုတို့အတွက် အိမ်ထောင်စု တစ်စုလျင် ဆန် (၅) ပြည်၊ ဆီ (၁) ပိဿာတို့ကို ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အိမ်တိုင်ရာရောက် ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)