ကလေး ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်ဒီဇင်ဘာ ၁၇ရက်နေ့က ခုတင်-၃၀၀ဆံ့ဆေးရုံ အထူး ကြတ်မတ်ကုသဆောင်တွင် အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုးသဖြင့် လာရောက်ပြသသူများအား ဓာတ်ခွဲ နမူနာများရပြီး Test Kit များဖြင့် စစ်ဆေးသူ (၆) ဦးအနက် (၃) ဦးတွင်လည်းကောင်း၊ ဒီဇင်ဘာလ၁၄ရက် နေ့က ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ Positive လူနာများ၏ Contact များအား ဓါတ်ခွဲနမူနာရယူပြီး ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) သို့ ပေးပို့ စစ်ဆေးထားသူ (၃၇) ဦးအနက် (၂) ဦးတွင် လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာများနှင့်ဆက်စပ် သူ (၁၁) ဦးအနက် (၂)ဦးတွင် လည်းကောင်း (စုစုပေါင်း ၇ဦး) တွင် ကိုဗစ်-၁၉ ကပ်ရောဂါ Positive အဖြေ ထွက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာ (၇) ဦးတို့မှာ ကလေးမြို့ မြို့လှရပ်ကွက်နေ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦး၊ ချမ်းမြေ့အောင်စည်ရပ်ကွက်နေ အမျိုးသမီး(၁)ဦး၊ အောင်ဇေယျ ရပ်ကွက်နေ အမျိုးသမီး (၂) ဦး၊ ဆည်တော်ဦးကျေးရွာနေ အမျိုးသမီး (၁) ဦး တို့ဖြစ်ကြပြီး တိုင်းရင်းဆေးရုံနှင့်ပြည်သူ့အဌား အိမ်ယာအိတ်စွပ်တွင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသည့် အတည်ပြုလူနာ (၆၃) ဦး ကျန်ရှိနေပြီး အဆိုပါ အတည်ပြုလူနာများကို တိုင်းရင်းဆေးရုံနှင့် ပြည်သူ့အငှား အိမ်ယာအိမ်စွပ် တို့တွင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)