တွံတေးမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီခရိုင်အဆင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

တွံတေး ဇူလိုင် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်တွင် ၂၀၂၅ ခုနှစ် မိုးရာသီ ခရိုင်အဆင့် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမွေးမြူရေးဇုန်၌ ကျင်းပခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်နွယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးထွန်းအာကာနှင့် သစ်တောဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မွေးမြူရေးဇုန်အတွင်းရှိ လုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၃၅၀) ဦး တက်ရောက်ခဲ့ကြပြီး စည်ပင်သာယာလမ်းဘေး ဝဲ၊ ယာတွင် မန်ဂျန်ရှား (၂၀၀၀)ပင်၊ မွေမြူရေးဇုန် ခရိုင်အဆင့်ဌာန ဆိုင်ရာရုံးဝန်းများ တွင်မန်ဂျန်ရှား(၇၀၀၀)ပင်၊ မွေးမြူရေးဇုန်ခြံဝန်းအသီးသီး၌ မန်ဂျန်ရှား (၂၀၀၀၀)ပင် စုစုပေါင်း မန်ဂျန်ရှား (၂၉၀၀၀)ပင်ကို တပြိုင်တည်း စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မျိုးလှိုင်