ဒဂုံတက္ကသိုလ်တွင် Pfizer  JN 1 ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

ဒဂုံ(အရှေ့) ဇူလိုင် ၃၁

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသ‌ရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည်အဓိကလုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ဦးတည်အုပ်စုများသတ် မှတ်၍ ပြည်သူများကာကွယ်ဆေးထိုးနှံနိုင်စေရေးဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ ၂၉ ရက်နေ့နံနက်ပိုင်းက ဒဂုံတက္ကသိုလ်တွင် ဆရာ၊ ဆရာမများနှင့်‌ ကျောင်းသား၊ ကျောင်းသူ(၅၅၂)ဦးအား Pfizer JN 1  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုထိုးနှံပေးလျက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ပါမောက္ခချုပ်‌ဒေါက်တာဝင်းဝင်းသန်း၊ ဒုတိယ ပါ‌မောက္ခချုပ်များ၊ ပါ‌မောက္ခဌာနမှူးများ၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာပွင့်ဖြူဖြူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှဒေါက်တာလဲ့လဲ့ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကိုချမှတ်ထားသည့် လုပ်ငန်းစဉ်သတ်မှတ်စည်းကမ်းများနှင့်အညီဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဌာနမှဝန်ထမ်းများက အင်တိုက် အားတိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးမဉ္ဇူ