ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကင်း ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်နှင့်အခြခံပညာကျောင်းများပူးပေါင်းကျင်းပမည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ဇူလိုင် ၂၈ ရက်နေ့နံနက် ၁၀ နာရီကကျင်းပသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရန်ကင်းပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးဒေါက်တာငြိမ်းသီအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးညွှန်ကြားရေးမှူးဒေါ်ခင်စောလင်း၊ ခရိုင်ပညာရေးမှူးဒေါ်စုစုခင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းမင်းလတ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ခရိုင်အတွင်းရှိမြို့နယ်ပညာရေးမှူးများ၊ ခရိုင်အတွင်းရှိကိုယ်ပိုင်အထက်တန်းကျောင်းများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာရန်ကင်းပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးဒေါက်တာငြိမ်းသီအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးညွှန်ကြားရေးမှူးဒေါ်ခင်စောလင်းက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြား သည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်ကပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည့်အခြေအနေများအားဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများကအထွေထွေဆွေးနွေးခဲ့ကြ​သည်။ ထို့နောက်ခရိုင်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများမှစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အလှူငွေများအား ရန်ကင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါက်တာငြိမ်းသီအောင်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

လှလှထွေး(ပြန်/ဆက်)