လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဆေးကုသရေးသမားတော်ကြီးများမှ မျက်စိဝေဒနာရှင်များအား နယ်လှည့်ကွင်းဆင်းဆေးကုသပေး

လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်းနှင့် စေတနာရှင်ဆရာဝန်ကြီးများ၏ ကု သိုလ်ဖြစ်ဆေးကုသရေးအဖွဲ့တို့မှ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်(၈)နာရီမှ (၄)နာရီအထိ အမှတ်(၇)ရပ်ကွက် မဟာအောင်မြေဘုန်းတော်ကြီးကျောင်း သဇ္ဇနသုခကာရီသိမ်ဓမ္မဗိမာန်တော်ကြီးတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အခမဲ့ ဆေးကုသပေးလျက်ရှိသည်။

ထိုသို့ကုသပေးရာတွင် မျက်စိဝေဒနာရှင်များ၊ အရေပြားရောဂါဝေဒနာရှင်များ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဝေဒနာရှင်များ၊ အသေးစားခွဲစိတ်ဝေဒနာရှင်များနှင့် အထွေထွေရောဂါဝေဒနာရှင်များ စုစုပေါင်းကျား(၇၇)ဦး၊ မ(၁၈၅))ဦး စုစုပေါင်း(၂၆၂)ဦးတို့အားစေတနာရှင်ဆရာ၀န်ကြီးများမှ ဆေးကုသပေးလျက်ရှိသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကြည်သာဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်အောင်၊ လှိုင်သာယာ ပြည်သူ့ ဆေးရုံအုပ်ကြီး Dr,ဒေါ်ခင်ရူပါစိုး၊ မြို့နယ်စည်ပင်ကျန်းမာရေးမှူး ဒေါ်ပိုပိုသောင်းနှင့် အမှတ်(၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိန်မောင်ဝင်းနှင့် တာ၀န်ရှိသူတို့မှပူးပေါင်း၍  လိုအပ်သည်များကူညီဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)