မင်္ဂလာဒုံ ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ပင်စင်လစာထုတ်ယူနေသောနိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များနှင့် သက်ကြီးဘိုးဘွားများအား UID ကတ်(Smart Cards)များကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးဦးမြင့်သူအောင်နှင့်ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်တွင်ပင်စင်လာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအတွက် ဇီဝဆိုင်ရာအချက်အလက်များကောက်ယူပြီး UID ကတ်(Smart Cards)များဆောင်ရွက်ပေးခြင်း၊ မကျန်းမာသည့်သက်ကြီးဘိုးဘွားများအတွက် Home Service ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းသိန်းထွန်း