နတ်မောက် ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး ဦးစီးမှူး ရုံးမှ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်ခန့် က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းခြင်းတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ထွေးကြည်၊ ဦးစီး အရာရှိ ဒေါ်ခင်သူဇာမြင့်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစည်သူလွင်နှင့် ဝန်ထမ်းများက နတ်မောက်မြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် Surgical Mask ( ၅၀၀၀) ခု၊ လက်သန့်ဆေးရည် 500 Ml ( ၁၅၀) ဗူး၊ လက်အိတ် (၁၀၀၀)ခု၊ PPE ဝတ်စုံ (၁၀၀) စုံတို့ အားပေး အပ်လှူဒါန်းခဲ့ရာ နတ်မောက်မြို့နယ် မြို့နယ်ကုသရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာရဲလင်းကျော် နှင့် ဆရာမများက လက်ခံရရှိပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံးပစ္စည်းများပေးအပ်လှူဒါန်းပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မူမူစန်း (နတ်မောက်)