မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် C4M Mobile Application အသုံးပြု နည်း သင်တန်းဖွင့်လှစ်ပို့ချ

 

စေတုတ္တရာ ဒီဇင်ဘာ  ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအုပ် ဆရာ / ဆရာမများအား စာသင်ကျောင်းတစ်ကျောင်းချင်းအလိုက် အချက်အလက်များ ဖြည့်သွင်း ခြင်း ဆောင်ရွက်ရာ တွင် C4M Mobile Application အသုံးပြုနည်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက စေတုတ္တရာမြို့ အ.ထ.က ကျောင်း ခန်းမဆောင်တွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရ သည်။

အဆိုပါ သင်တန်း၌ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းဇော်က  အဖွင့်အမှာစကား ပြောကြား ရာတွင် C4M Mobile Application အား အသုံပြု၍ ကျောင်းအချက်အလက်များ ဖြည့်သွင်း ဆောင်ရွက်နိုင်ခြင်းကြောင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန် လွယ်ကူစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ကျောင်းအုပ် ဆရာ/ ဆရာမများအား မိုဘိုင်းဖုန်းတွင် C4M Mobile Application အား ထည့်သွင်းပြီး ကျောင်းအချက်အလက်များအား ဖြည့်သွင်းနည်း၊ ပြင်ဆင်နည်း၊ ဖောင်ဖြည့်နည်းများကို လက်တွေ့ပြသကာ သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် C4M Mobile Application အသုံးပြုနည်းသင်တန်းအား စေတုတ္တရာမြို့ အ.ထ.က ကျောင်း၌ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်း များမှ ကျောင်းအုပ်ဆရာ/ဆရာမ (၁၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)