ရွှေတောင် ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များက မြိုပေါ်ရပ်ကွက်၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ ပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူစည်ကားရာနေရာများဖြစ်သည့် စျေးများ၊ ရပ်ကွက်များ၊ ကျေးရွာပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ဖြစ်ပွားတက်သော ရောဂါလက္ခဏာများ၊ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ နေသင့်ကြောင်း မိမိတို့ရပ်ကွက်၊ ကျေးရွာများသို့ နေရပ်ပြန်များ ပြန်လည်ရောက်ရှိလာသူများရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် သတင်းပေးပို့ရ မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားသော ကျန်းမာရေးအသိပညာပေးညွှန်ကြားချက်များကို လိုက်နာကြရန်၊ ထုတ်ပြန်ထားသော ဥပဒေများ ကို သိရှိလိုက်နာကြရန် မီးသတ်မော်တော်ယာဉ်ဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သတင်းရရှိ သည်။
ကိုကိုမင်း(ပြန်/ဆက်)