We Love Yangon (North Okkalapa) လူထုအခြေပြု ပရဟိတအဖွဲ့မှ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များလှူဒါန်း

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနေ သည့်ကာလ အတွင်း အလုပ်အကိုင်ရှားပါး၍ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများကို ယမန်နေ့ နေ့လယ် ၁၂ နာရီက We Love Yangon (North Okkalapa) လူထုအခြေပြုပရဟိတအဖွဲ့မှ အခြေခံစားသောက်ကုန်များကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် မြောက်ဥက္ကလာပမြို့နယ် (ဋ)ရပ်ကွက်၊ ဂရုဏာ(၁)လမ်းရှိ နွမ်းပါးမိသားစုများ အား တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊  ငါးသေတ္တာ၊ အအေးကတ်၊ ခေါက်ဆွဲခြောက်နှင့် နှာခေါင်းစည်း Mask တို့ကို We Love Yangon (North Okkalapa) လူထုအခြေပြု ပရဟိတအဖွဲ့က အိမ်တိုင်ရာရောက် သွားရောက်၍ လှူဒါန်းပေးပြီး ကျန်ရှိနေသေးသော နွမ်းပါးအိမ်ထောင်စုများကိုလည်း ဆက်လက် လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့အနေဖြင့် မြိုနယ်အတွင်း ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ်စောင့် ကြည့်နေရာ များသို့ ကိုဗစ်-၁၉ ရောဂါ ရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများကို ပို့ဆောင်ပေးခြင်း၊ ရောဂါမရှိ သူများကို နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်း၊ စားဝတ်နေရေးအခက်အခဲ ဖြစ်နေသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန် များ လှူဒါန်းခြင်းစသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေခြင်းကြောင့် အလှူရှင်များအနေဖြင့် ပူးပေါင်းပါဝင်လှူဒါန်းလိုပါက ဖုန်း-၀၉/ ၉၇၅၈၉၇၈၅၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)