မြောက်ဥက္ကလာပမြို့နယ် အ.ထ.က (၅) Quarantine Center သို့ အလှူရှင်များမှ အလှူငွေများနှင့် အစာအာဟာရများ လာရောက်လှူဒါန်း

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက် အ.ထ.က(၅)ကျောင်း၌ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူများထားရှိရန် သီးသန့်ဖွင့်လှစ်ထားသည့် Quarantine Center ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ အလှူငွေများနှင့် အစာအာဟာရများကို ယမန်နေ့ နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ကိုဇော်မင်း၊ မဥမ္မာချို မိသားစုက အလှူငွေကျပ်(၁၅၀,၀၀၀)၊ ကိုဇော်မိုးနှင့် B Gay မှ အလှူငွေကျပ် (၁)သိန်းကျပ်၊ ဦးအောင်ဇော်ထွန်း၊ ဒေါ်ဇော်ဇော်သန်း မိသားစုမှ နံနက်စာခေါက်ဆွဲ ကြော်၊ ဒေါ်သန်းစိန် မိသားစုမှ ကြာဇံကြော်ဘူးများ လာရောက်လှူဒါန်းရာ (င) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အောင်နှင့် ရုံးအဖွဲ့ဝင်များက လက်ခံရရှိခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် Quarantine ဝင်ရောက်နေသူများ နှင့် Volunteer များအတွက် အစားအစာ၊ ရေသန့်၊ ဆေးဝါးပစ္စည်းများ၊ မနက်စာ၊ နေ့လယ်စာ၊ ညနေစာ လှူဒါန်းလိုပါက (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဆက်သွယ်ရန် ဖုန်း-၀၉၇၉၇၇၂၂၆၂၀နှင့် ၀၉/ ၆၇၅၄၅၈၄၀၅ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)