ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိကို အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်

ဒဂုံ(ဆိပ်ကမ်း) ဒီဇင်ဘာ ၁၈

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု  ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများအိမ်အပြင် ထွက်ပါက မဖြစ်မနေ Mask တပ်ဆင် သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်း နှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက် စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိ ရာ ယမန်နေ့ နံနက်ပိုင်းက အမှတ် (၉၀)ရပ်ကွက်ရှိ ကနောင်မင်းသားကြီးလမ်းနှင့် ရတနာသိင်္ဃလမ်းထောင့်တွင် စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့  ပူးပေါင်းပါဝင်သည့် အဖွဲ့သည်  Mask တပ်ဆင်ခြင်းမရှိဘဲ ဈေးရောင်း/ဈေးဝယ် ပြုလုပ်နေ သူများ၊ လမ်းသွားလမ်းလာ ပြည်သူများ စုစုပေါင်း(၅၁) ဦးအား ၂၀၀ ကျပ်စီ ဒဏ်ရိုက်ခဲ့ပြီး Mask တစ်ခုစီပေးကာ ချက်ချင်းတပ်ဆင်စေ ခဲ့ကြောင်း သိရသည်။

နန်းရွှေကြည်(ပြန်/ဆက်)